ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးကောက်ရင်စပါးများစတင်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးကောက်ရင်စပါးများစတင်ရိတ်သိမ်း



MNP - အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးကောက်ရင်စပါးများကို အောက်တိုဘာလ တတိယပတ်မှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများမှ ကောင်ရင်စပါးမျိုးအဖြစ် ရတနာတိုး၊ GW-11၊ မှော်ဘီဆန်းစပါးများကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း တောင်သူများထံမှသိရသည်။ “ကောက်ရင်စပါးအနေနဲ့ ဒီနှစ်ရတနာတိုးနဲ့မှော်ဘီဆန်းစပါးစိုက်ပါတယ်၊ မနေ့ကစရိတ်တာပေါ့ တစ်ဧကကို အစိုတင်း ၉၀ ကျော်ထွက်တယ်၊ ရတနာတိုးစပါးက အစိုတင်း ၁၀၀ ကို ကျပ် ၁၀ သိန်း ၈ သောင်းကျော်နဲ့၊ မှော်ဘီဆန်းကတော့ တင်း ၁၀၀ ကို ကျပ် ၁၁ သိန်းကျော်ထိဈေးရပါတယ်၊ ကောက်ရင်စပါးမျိုးရိတ်ပြီးရင် မတ်ပဲပြန်စိုက်မယ် ပြီးတော့နွေစပါးစိုက်မယ်၊ စပါးကြီးမျိုးလည်းစိုက်ထားတယ် နောက်လဆိုရင်ရိတ်လို့ရပါပြီ” ဟု တောင်သူတစ်ဦးက ပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးစပါး ၄၆၇၅၄ ဧကစိုက်ပျိုးနိုင်ခဲ့သည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှသိရပြီး ရိတ်သိမ်းပြီးလယ်မြေများနှင့်ယာမြေများတွင် ဆောင်းသီးနှံပဲမျိုးစုံ၊ နှမ်းနှင့်နေကြာသီးနှံတို့ကို စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)