ကမာရွတ်မြို့နယ်တွင် ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့၌ ဆုရရှိသူများကိုဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့၌ ဆုရရှိသူများကိုဂုဏ်ပြုပွဲအခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၇


ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်(၀၉:၀၀)နာရီအချိန်က ကမာရွတ်မြို့နယ် အမှတ် ၉ ရပ်ကွက်ရှိ အခြေခံပညာမှုလတန်းကျောင်း အမှတ်(၂)ပညာတန်ဆောင်ခန်းမ၌ ကမ္ဘာ့ရှေးဦးသူနာပြုနေ့၌ ဆုရဂုဏ်ထူးဆောင်တပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ ကမာရွတ်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့ ဆုရဂုဏ်ဆောင်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။


ရှေးဦးစွာ ဂုဏ်ပြုပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးတို့မှ ဂုဏ်ပြုစကားများပြောကြားပြီးနောက် ဆုရရှိသောဂုဏ်ထူးဆောင်တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဆုများကိုချီးမြှင့်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။


သတင်း - စိမ်းလဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)