ဆိပ်ဖြူမြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် ၂/၂၀၂၂ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် ၂/၂၀၂၂ ဖွင့်လှစ်

 


MNP - အောက်တိုဘာ   ၁၅


မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း သင်တန်း အမှတ်စဉ် ၂/၂၀၂၂ ကို ယမန်နေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနဝရတ်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။


အဆိုပါ သင်တန်းကို မျိုးဆက်သစ်လူငယ်မောင်မယ် ကျောင်းသား/ကျောင်းသူများ ကြက်ခြေနီတပ်ဖွဲ့၏ အခြေခံမူများ၊ ကြက်ခြေနီစိတ်ဓာတ် ကောင်းများ ရှင်သန်မွေးမြူဆောင်ရွက်နိုင်ရေးနှင့် လူမှုကူညီရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာများ ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် မတော်တဆဖြစ်ပွားတတ်သော အန္တရာယ်များနှင့် ဘေးအန္တရာယ်များ ကြုံတွေ့လာပါက မျိုးဆက်သစ်  လူငယ်မောင်မယ်များက ကြက်ခြေနီ စိတ်ဓာတ်ရှေးဦးပြုစုခြင်း လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်း သင်တန်း ၂/၂၀၂၂ကို ဆက်လက်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။


အခြေခံ ရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ် ၂ / ၂၀၂၂ကို အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူများအား သီတင်းကျွတ် ကျောင်းပိတ်ရက် အားလပ်ချိန်၌ အခြေခံရှေးဦးပြုစုခြင်းရက်တို သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်း အသီးသီးမှ အထက်အဆင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦးတက်ရောက်ပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်း၊ တပ်စုမှူး ဦးသန်းမြင့်နိုင်နှင့် တပ်ဖွဲ့ဝင်များက အခြေခံရှေးဦးပြုစုခြင်းဘာသာရပ်များ စာတွေ့၊ လက်တွေ့သင်ခန်းစာများ၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း  သိရသည်။


သတင်း - ကိုဇွဲ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)