မိတ္ထီလာ၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာ၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ  ၃ဝ


မိတ္ထီလာမြို့၌ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က  အထက ၁ တွင် ကျင်းပကြောင်းသိရသည်။


မိတ္ထီလာမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်း ၁၆ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂၈ ကျောင်း၊ မူလတန်းကျောင်း ၂၂၂ ကျောင်းနှင့် မူလတန်းကျောင်းခွဲ ၁ ကျောင်းတို့မှ ကျောင်းအုပ်ဆရာဆရာမကြီးများ ၂၆၄ ဦး  စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ပညာဘာသာရပ်၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဘာသာရပ်၊ စာရင်းအင်းဘာသာရပ်နဲ့ အိုင်စီတီဘာသာရပ်များကို ဦးဆောင်ဆွေးနွေးပို့ချမယ့် ဆရာဆရာမတွေနဲ့ တက်ရောက်လာကြတဲ့ သင်တန်းသားသင်တန်းသူ ကျောင်းအုပ်ဆရာ/ဆရာမတွေနဲ့ အပြန်အလှန်ဆွေးနွေးပို့ချသွားမှာဖြစ်ပါတယ်ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ လ ၃ဝ ရက်နေ့မှ ၃၁ ရက်နေ့အထိနေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)