MNP ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးပြီး (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းက ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလိုကြောင်း၊ ပေါက်တောမြို့နယ်ရှိဘုန်းတော်ကြီးကျောင်းများအနက်မှ ကထိန်မရသေးသောဘုန်းတော်ကြီးကျောင်းများကို ကထိန်ဆက်ကပ်နိုင်ရေးအတွက်နှစ်စဉ်ကျင်းပလျှက်ရှိရာ ယခုနှစ်တွင်လည်းအလားတူဆင်ယင်ကျင်းနိုင်ရန်နှင့် ယခင်နှစ်များကအတွေ့အကြုံများကိုအခြေခံ၍ တက်ရောက်လာကြသောဌာဆိုင်ရာအကြီးအကဲများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်ပြောကြားသည်။
ဆက်လက်၍မဟာဘုံကထိန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် အလှူငွေများလက်ခံရေးဆပ်ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့မှ အဖွဲ့ခေါင်းဆောင်များက ယခင်နှစ်များက ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ယခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment