စဉ့်ကိုင်မြို့နယ် လျှပ်စစ်မှ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ် လျှပ်စစ်မှ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးဆောင်ရွက်

 




MNP - အောက်တိုဘာ  ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း လျှပ်စစ်မီးသုံးစွဲသူပြည်သူများ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းပြီး ဓာတ်အား  စဉ်ဆက် မပြတ်ရရှိရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်မိုင်တင်တင်နှင့် လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းစိုးလွင်တို့ အနီးကပ်ကြီးကြပ်၍ လိုင်းဝန်ထမ်းများက ယနေ့ နံနက်(၈)နာရီ က မြို့နယ်အတွင်း ဓာတ်အားလိုင်းများ တစ်လျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စဉ့်ကိုင်မြို့နယ်အတွင်း ရွှေစာရံပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၂၃၀/၁၃၂/၃၃ ကေဗွီဖီဒါ(၁) မီးသွေးဘုတ်  ဓာတ်အားခွဲရုံ  ထရန်စဖာနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ ခိုင်မြဲစေ ရန် ပြုပြင်ထိန်းသမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လိုင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း လိုင်းတစ်လျှောက်သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။            


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)