MNP - အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာရေးဆရာခင်စောတင့်ရေးသားသော “ နေ့စဉ်ကျန်းမာရွှင်လန်းစေဖို့ အကြံပေးစကားများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ပြန်/ဆက် စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် စောနေလင်းပိုင်က စာရေးဆရာခင်စောတင့် စာအုပ်၏ “နေ့စဉ်ကျန်းမာရွှင်လန်းစေဖို့ အကြံပေးစကားများ(၃)” ခေါင်းစဉ်အောက်မှ လေ့ကျင့်ခန်းလုပ်ခြင်းကို အလေ့အကျင့်ဖြစ်ပါစေ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ငြီးငွေ့ဖွယ်အလုပ်တစ်ခုလို့ မထင်မှတ်မိပါစေနဲ့၊ သင်တန်းကို စွဲစွဲမြဲမြဲရှိပြီး စိတ်ပါလက်ပါ ဖြစ်နေစေမယ့်နည်းလမ်းတွေ အများကြီးရှိပါကြောင်း၊ လေ့ကျင့်ခန်းစတင်ပြီးလုပ်တဲ့အခါမှာ အဘက်ဘက်က ကျန်းမာရေးတိုးတက်တော့မယ်ဆိုတဲ့ ကြီးမားတဲ့ပုံရိပ်ကို အာရုံစိုက်လာမည် ဖြစ်ကြောင်း၊ ကိုယ်အလေးချိန်လျော့ကျဖို့ကိုလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကြီးမားတဲ့တွန်းအားတစ်ခုပဲဖြစ်ပါကြောင်း၊ ဝါသနာများကို မိတ်ဆွေတွေနဲ့အတူ ကျင့်သုံးခြင်းက စိတ်ဓာတ်မြင့်တက်ခြင်းကို ရရှိမှာဖြစ်ကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်လေးနွယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment