ပွင့်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Book Club အဖွဲ့ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Book Club အဖွဲ့ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

 



MNP - အောက်တိုဘာ  ၂၉


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမတွင် လစဉ် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စီစဉ် ကျင်းပ ပြုလုပ်လျက်ရှိပါကြောင်းနှင့် စာပေဝါသနာရှင် များနှင့် စာပေချစ်မြတ်နိုးသူတိုင်း မည်သူမဆို လာရောက်ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 


ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုးက စာရေးဆရာအောင်သင်း ရေးသားသည့် "အားနေသောလက်များ " စာအုပ်တွင် ပါဝင်သော လူမှုပတ်ဝန်းကျင်တွင် အကျိုး ပြုသော လူတော်လူကောင်းများ ဖြစ်လာစေရန် ဆောင်ရွက်ရမည့်အချက်များ ၊ တာဝန်သိမှုနှင့် တာဝန်ယူလိုသောစိတ်များဖြင့် ဆောင်ရွက်လုပ်ကိုင်တတ်သည့် အလေ့အကျင့်များ ရရှိစေရေး ဆောင်ရွက်သင့်သည့် ဆောင်ရန်ရှောင်ရန်များ၊ ငယ်ရွယ်သည့်အချိန်တွင် လူရည်မွန်ကောင်းတစ်ယောက် ဖြစ်လာစေရေးအတွက် စာပေအသိပညာ ဗဟုသုတ ရှာဖွေလေ့လာရန်လိုအပ်ကြောင်းနှင့် မိမိဘဝအတွက် အကျိုးမရှိသော တီဗီဂိမ်းများ ကစားခြင်းနှင့် အင်တာနက် အသုံးပြုမှုများကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်းစသည့် လူငယ်များအတွက် လုပ်ဆောင်ရမည့် စာပေသိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ ဖတ်ရှုလေ့လာခဲ့သည့် သုတ ရသစာပေ အကြောင်းအရာများနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)