ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများနှင့် Booster Dose ထိုးနှံရန်ကျန်ရှိနေသေးသူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများနှင့် Booster Dose ထိုးနှံရန်ကျန်ရှိနေသေးသူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး




MNP ၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံရန်ကျန်ရှိနေသေးသည့် ဝန်ထမ်းနှင့်၎င်းတို့၏မိသားစုဝင်များကို  ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည် သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူ ခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံ ပေးသည်။ 


ကျောက်ဖြူမြို့နယ်၌ အောက်တိုဘာလ ၁၁ ရက်နေ့အထိ အသက် ၁၈ နှစ်အထက် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးပြည်သူ (၈၆၇၉၉) ဦး၊ ဒုတိယအကြိမ်ထိုးနံပြီးသူ(၇၆၁၈၇)ဦး၊ တတိယအကြိမ်ထိုးနှံပြီးသူ (၃၀၃၈၁)ဦး၊ စတုတ္ထအကြိမ်ထိုးနှံပြီးသူ (၁၃၆၂)ဦးရှိပြီး ယနေ့တွင် ဆေးထိုးရန် ကျန်ရှိနေသေးသူများကို အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ထိုးနှံပေးလျှက်ရှိကြောင်း  သိရ သည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)