MNP - အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၄) လအထက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ (၄)လပြည့်အထက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် တတိယအကြိမ်နှင့်စတုတ္ထအကြိမ် ထိုးနှံပေးခဲ့ကြောင်း၊ အခြေခံပညာကျောင်းများသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဇင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment