ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၌ (Booster) အပိုဆောင်းကာကွယ်ဆေးများထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၌ (Booster) အပိုဆောင်းကာကွယ်ဆေးများထိုးနှံ



MNP - အောက်တိုဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ သဘော့ကန် ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်(၁၉)ကာကွယ်ဆေးများ (Booster) ထပ်ဆောင်း ကာကွယ်ဆေး ကို ထိုးနှံပေးလျက်ရှိသည်။


(Booster)ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံရာတွင် သဘော့ကန်ကျေးလက် ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများမှ ပြည်သူများကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ မခံစားရစေရန် ရည်ရွယ်၍ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခြင်းဖြစ်‌ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) ထပ်ဆောင်းထိုးနှံရာသို့ ရွှေသောင်ယံမြို့၊ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်ကာ ရွှေသောင်ယံမြို့ သဘော့ကန်ကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။


သတင်း - ရွှေသောင်ယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)