ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၃၆၈၆၀ ဦးထိုးပေးနိုင်ပြီဖြစ်ကာ Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပြီးသူ ၄၅၂၁ ဦးထိုးပြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၃၆၈၆၀ ဦးထိုးပေးနိုင်ပြီဖြစ်ကာ Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပြီးသူ ၄၅၂၁ ဦးထိုးပြီး

 


MNP - အောက်တိုဘာ   ၁၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းအချိန်ထိ ၆၃၆၈၆၀ ဦး ထိုးပေးနိုင်ခဲ့ ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။


ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာနေရာအသီးသီး၌ကို ဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပြီးသူ ၃၀၂၈၉၀ ဦးထိုးနှံပေးပြီးဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှု ၃၃၃၉၇၀ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၆၃၆၈၆၀ ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့်လာရောက်ဆေးထိုးရန် မလွယ် ကူသည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့်သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း၊ ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် Booster ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပြီးသူ ၁၃၁၁ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Booster ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ၃၂၁၀ ဦးထိုးနှံပေးပြီးဖြစ်ကာ စုစုပေါင်း ၄၅၂၁ ဦးထိုးနှံပေးပြီးဖြစ် ကြောင်းသိရပြီး ဝေးလံခေါင်ဖျားဒေသများသို့လည်း မိုဘိုင်းအဖွဲ့ဖြင့်လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)