မိုင်းခုတ်မြို့၌ မိုင်းခုတ်-ပုံတပ်(၂) လမ်းတာချဲ့ခြင်းနှင့် Box Culvert ၁ စင်းဆောင်ရွက်နေမှု ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ မိုင်းခုတ်-ပုံတပ်(၂) လမ်းတာချဲ့ခြင်းနှင့် Box Culvert ၁ စင်းဆောင်ရွက်နေမှု ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

 



MNP - အောက်တိုဘာ   ၁၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေချောမွေ့စေရန် မိုင်းခုတ်-ပုံတပ်(၂)လမ်းပိုင်း ၈/၄ မိုင်အနက် ၄/၀ မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းနှင့် Box Culvert ၁ စင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ မိုင်းခုတ်-ပုံတပ်(၂) လမ်းအပိုင်း ၈/၄ မိုင်အနက် ၄/ဝမိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းနှင့် Box Culvert ၁ စင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၁၀၁ ဒဿမ ၃၄၀)ကျပ် သန်းဖြင့် မိုးသောက်ထွန်းကုမ္ပဏီမှ ဇွန် ၇ ရက်နေ့မှ စတင်တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)