MNP ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးသူရိန်စိုး ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်အင်ဂျင်နီယာ ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီအချိန်က လက်မဲပြင်အုပ်စုရှိ လက်မဲပြင်၊ကျီးညို ကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box culvert တံတားကြမ်းခင်းပေါက်ပြဲပျက်စီးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါတံတားမှာ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခဲ့သည့် အလျား (၁၄) ပေ အနံ (၃) ပေခန့် Box culvert တံတားအမျိုးအစားဖြစ်ပြီး ဒေသခံပြည်သူများ လက်ပန်းဆက်သွယ်ရေးအခက်အခဲမရှိသွားလာနိုင်ရေးအတွက် အချိန်မီ ပြန်လည်ပြုပြင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ မင်းဆိပ်ပြင်အုပ်စုရှိ ၊ မင်းဆိပ်ပြင် ၊ ဆင်နားချောင်ကျေးရွာချင်းဆက် တံတား အလျား (၁၈) ပေ ၊ အနံ( ၁၄) ခန့်ရှိသံကူကွန်ကရစ် တံတားအမျိုးအစား အောက်ခြေရေထိန်းအုတ်နံရံပြိုလဲပျက်စီးနေမှု အားသွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
သိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment