ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး


 

MNP ၊ အောက်တိုဘာ ၁၅

အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်နှင့် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များကိုအသုံးပြု၍ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီး၊ ပစ်ခတ်၊ တိုက်ခိုက် နှောင့်ယှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။


ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၃ နာရီခန့်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ် တိုက်ခိုက်ပြီး မော်တော်ယာဉ်များအား မီးရှို့ခဲ့သဖြင့် အဆိုပါအနီးတစ်ဝိုက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုကြောင့် မီးသတ်ရုံးအတွင်းရှိ မီးသတ်ယာဉ် ၂ စီး မီးလောင်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည့် CDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)