ပုသိမ်မြို့အား Clean City ဖြစ်လာစေရေး ရပ်ကွက်နှင့် ကျေးရွာများပါ ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့အား Clean City ဖြစ်လာစေရေး ရပ်ကွက်နှင့် ကျေးရွာများပါ ပူးပေါင်းဆောင်ရွက်

 


MNP - အောက်တိုဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အား Clean City ဖြစ်လာစေရေး ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်မှုဖြင့် ပြည်သူများစုပေါင်းကာ မြို့ပေါ်ရှိ ဝန်ထမ်းအိမ်ရာ ဝန်းများအတွင်းတွင် လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၁၅ ခုနှင့် အဝေးပြေးလမ်းမကြီးများ ဝဲ/ယာ တလျှောက် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် ပြုလုပ်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဝန်ထမ်းအိမ်ရာဝန်းများ၊   အဝေးပြေးလမ်းမကြီးများ၏  လမ်းဘေးဝဲ/ယာရှိ ရေမြောင်း များ၊ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခြင်း၊ ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များခိုလှုံ ပေါက်ပွားခြင်း ကင်းရှင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ခြင်းလည်းဖြစ်ကာ မြို့တော်သန့်ရှင်းသာယာ လှပလာ စေမည်ဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ စီစဉ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ကြီးကြပ်ကာ သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စည်ပင် သာယာရေးအဖွဲ့များနှင့် အတူရပ်ကွက်/ကျေးရွာနေ ပြည်သူများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိနေကြကြောင်း သိရသည်။ သန့်ရှင်းရေး ဆောင်ရွက်ရာတွင် ထွက်ပေါ်လာသည့် အမှိုက်များနှင့် စွန့်ပစ်ကြွပ်ကြွပ်အိတ်ခွံများကို ပုသိမ်မြို့စည်ပင် သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် လိုက်လံသိမ်းဆည်းပေးခဲ့ပြီး သတ်မှတ်ထားသည့် စွန့်ပစ်ရာနေရာများသို့ စနစ်တကျသွားရောက် စွန့်ပစ်ခဲ့ကြ ကြောင်း သိရသည်။


သတင်း -မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)