ပေါက်တောမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါက်တောမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

026


MNP ၊  အောက်တိုဘာ  ၄

ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk  Show) ဆွေးနွေးပွဲ ပြုလုပ်ကြသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show )ဆွေးနွေးပွဲ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ် ဉပဒေအရာရှိ ဦးအောင်ပိုင်ဖြိုး က ကလေးအလုပ်သမားများ ဉပဒေ၊ အသက်အရွယ်အပိုင်းအခြားအလိုက်သတ်မှတ်ထားသည့် ကလေးအလုပ်သမားများ ဉပဒေ၊ ကလေးအလုပ်သမားများ နှင့်ပတ်သက်၍ ဉပဒေအရ အကာအကွယ်၊ ကလေးသူငယ်များကို အလုပ်ခိုင်စေခြင်းနှင့်ပတ်သက်၍ ပြစ်ဒဏ်များ စသည့်အကြောင်း အရာများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပြောကြားသည်။


ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages