နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

 



MNP - အောက်တိုဘာ   ၇


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ လူစုလူဝေးရှိသော နေရာများသို့ သွားလာရာတွင် နှာခေါင်းစည်း Mask များ  တပ်စေရေး အသိပညာပေး နှိုဆော်မှုအားအရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း၊ လူတိုင်းကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယပတ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း များနှင့် အုပ်ချုပ်ရေးမှူးများမှ စနစ်တကျ သွားရောက်ထောက်ပံ့နိုင်ရေး ဆောင်ရွက်ရန်တို့မှာကြားပြီး သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် အဘိုးအဘွား(၁၁၇၇) ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - လှဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)