ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်





MNP ၊ အောက်တိုဘာ  ၁၁

မွန်ပြည်နယ်  ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း(ခွဲ)တို့ပူးပေါင်း၍ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကိုအောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန ခန်းမ(Community Centre) ၌ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးမင်းစိုး(မြို့နယ် အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို လည်းကောင်း၊မြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဦးဆန်းဝင်းအောင် က သင်တန်းအစီအမံ များကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။

ယင်းနောက် မြို့နယ် ကြက်ခြေနီအသင်းမှတပ်ဖွဲ့မှူးဦးဆန်းဝင်းအောင် နှင့် နည်းပြ (၃)ဦးတို့ကရှေးဦးပြုစုခြင်း (ဘာသာရပ်) များကို အောက်တိုဘာ(၁၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၄)ရက်ကြာ  သင်တန်းသား သင်တန်းသူ(၃၅)ဦးတို့အား သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)