မာန်အောင်မြို့(Community Centre) ခန်းမတွင်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့(Community Centre) ခန်းမတွင်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြပွဲပြုလုပ်


                                                                                                     

MNP ၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်းက နံရံကပ်စာစောင်များကို ကြည့်ရှုလာသူ ကျောင်းသား/သူများအား ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသည့် အသက်အရွယ် အောက် ကလေးငယ်များကို ခေါ်ဆိုခြင်းဖြစ်ကြောင်း အလုပ်လုပ်ရန် ဥပဒေကခွင့်ပြုထားသော်လည်းကလေးအလုပ်သမားများသည် အလုပ်ခွင်၌ အချိန်ပြည့်နီးပါး အလုပ်လုပ်ကြရ သဖြင့်စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ မလွဲမသွေ ခံစားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်၍ ကာကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်  ၁၈-၁၂-၂၀၁၃ ရက်နေ့တွင်ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက်အမှတ် (၁၈၂)ကိုအတည်ပြုလက်မှတ်ရေးထိုး ခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)