ရမ်းဗြဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်များ စဉ်းစားတွေးခေါ်မှုမြင့်မားလာပြီးအသိဉာဏ်ပညာတိုးပွားလာစေရန်ရည်ရွယ်လျက်ယနေ့ နံနက် ၁၁ နာရီ ကဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြသည်။


ထိုသို့ကျင်းပပြုလုပ်ရာတွင် ရမ်းဗြဲမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကိုကျင်ပြုလုပ်ရာ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အလယ်တန်းအဆင့်ကျောင်း သား/ကျောင်းသူ(၂၀)ဦးက စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိကြသူများအား ဦးစီးအရာရှိဒေါ်အောင်တင်ကြည်နှင့်ဝန်ထမ်းများကဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)