လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၂)ဖွင့်လှစ်



MNP - အောက်တိုဘာ   ၁၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၊ ကွန်ပျူတာခန်းမတွင် ယနေ့ နံနက်(၈)နာရီအချိန်က အခြေခံကွန်ပျူတာသင်တန်း(၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အခြေခံကွန်ပျူတာသင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူထုအခြေပြုဗဟိုဌာန Community Centre မိတ်ဆက်နှင့်ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံကွန်ပျူတာသင်တန်း အခမဲ့လာရောက် သင်ကြားပေးသော ဦးထက်မြက်စိုး(ရွှေပြည့်အိမ်)က ကွန်ပျူတာသင်တန်း မိတ်ဆက်နှင့် သင်တန်းစည်းကမ်း များကို ပြောကြားခဲ့သည်။


အဆိုပါ ကွန်ပျူတာသင်တန်းကို(၁၇-၁၀-၂၀၂၂)ရက်နေ့မှစ၍ အချိန်တစ်လခွဲ သင်ကြားပို့ချသွားမည်ဖြစ်ပြီး လားရှိုးမြို့ပေါ်ရှိ သင်တန်း သား၊ သင်တန်းသူ(၂၂)ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)