ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်



MNP - အောက်တိုဘာ   ၁၈


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမောင်မန်းညိုရေးသားသော “သွားတက်ကလေးနှင့်ရသစုံကဗျာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်တစ်ဦးက စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်တွင် အချစ်၊ အလွမ်း၊ အနုအလှကဗျာများ၊ ဘဝအကြောင်း၊ ဓမ္မအကြောင်း၊ လောကအကြောင်းဆင်ခြင်သုံးသပ်တာ ကောင်းမြတ်သော မနသီဝေ စိစေရေးအတွက် ရေးဖွဲ့သောကဗျာများပါဝင်ကြောင်း၊ ကဗျာများအားလုံးသည် မြန်မာကဗျာပီသ၍ မြန်မာကဗျာစပ်ထုံးစပ်နည်းများကို လွန်ဆန်မှုမပြုဘဲ အတတ်နိုင်ဆုံး မြန်မာကဗျာ စည်းကမ်းနည်းလမ်းဥပဒေသများ မပျောက်ပျက်အောင် ထိန်းသိမ်းလိုက်နာရေးဖွဲ့ထားသည်ကို ဖတ်ရှုရကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်၊ ယနေ့ကာလတွင် မြန်မာဂန္တဝင်ကဗျာစပ်ထုံးစပ်နည်းများကို အလေးဂရုမပြုဘဲ ပုံသဏ္ဍာန်အမျိုးမျိုး ဆန်းသစ်တီထွင်ဖွဲ့ဆိုနေကြသောကာလတွင် မြန်မာကဗျာစပ်ထုံးစပ်နည်းများကို အလေးဂရုပြုလျက် စကားလုံးလှလှ၊ အနက်အဓိပ္ပာယ်ပြည့်ပြည့်ဝဝ၊ ဖွဲ့စပ်နည်းစုံတင်ပြပုံ ကြွကြွရွရွဖြင့် ရသစုံလင်စွာပါရှိသောကြောင်း မြတ်နိုးဖွယ်ရာကဗျာများဖြစ်သည့်အပြင် ကဗျာချစ်သူများဖတ်သင့်သည့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း စာအုပ်ပါအကြောင်း အရာများနှင့်ပတ်သက်၍ အကျဉ်းချုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)