ကရင်ပြည်နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

 



MNP - အောက်တိုဘာ  ၂၀


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းဖတ်ရှုကြသည့် ကျောင်းသူ၊ ကျောင်းသားများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က မိမိတို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းသား/သူများအနေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန်၊ အမှိုက်စွန့်ပစ်ရာတွင် လိုက်နာရမည့် အလေ့အကျင့်ကောင်းများ၊ သဘာဝပတ်ဝန်းကျင်မပျက်စီးဖို့ ပလတ်စတစ်လျှော့သုံးကြစို့၊ မြို့တော်သန့်ရှင်းသာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသူ၊ ကျောင်းသားများကို စကားပုံဆက်ပြိုင်ပွဲအား ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)