တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ



MNP - အောက်တိုဘာ   ၃၀


စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် တောင်ကြီးမြို့နယ် စာရေးဆရာများနှင့် စာပေဝါ သနာရှင်များက  ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ အစည်းအဝေး ခန်းမ၌   စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်က အဖွင့်မိတ်ဆက်စကားပြောကြားပြီး၊ တောင်ကြီးခရိုင်ရုံးမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းကက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများ ဖြစ်ကြသည့် ဆရာ မောင်လူသစ်(ဗန္ဓုလ)၊ ဆရာကောင်းမြင့်မြတ်စိန်၊ ဆရာသုတေသီဆရာမျိုး၊ ဆရာမရွှေလေညှင်းနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကောင်းမြင့်မြတ်စိန် ရေးသားသည့် နေညိုရောင်ဘဝမှာ ရွှေအိုရောင် အလှဖြာစေသတည်း စာအုပ်ထဲမှ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြသည့် ကြိုက်နှစ်သက်သည့် အကြောင်းအရာအချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - အေးအေးစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)