ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ရက်တိုသင်တန်းဖွင့်လှစ်

 



MNP - အောက်တိုဘာ  ၃၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ ယမန်နေ့နံနက် ၉ နာရီက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ရက်တိုသင်တန်းဖွင့်လှစ်ခဲ့သည်။


သင်တန်းတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (တွဲဖက်ပြည်နယ်ရုံး) ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက သင်တန်းအဖွင့်အမှာကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်နှင်းရီက ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်အား စာတွေ့ဆွေးနွေးပို့ချသည်။   ထို့နောက် ကျောက်မဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးမှ ဦးစီးအရာရှိဦးစိုင်းထွန်းသိန်း နောင်ချိုမြို့နယ် ဦးစီးအရာရှိဒေါ်သန်းသန်းထွေး၊ သီပေါမြို့နယ် ဦးစီးအရာရှိဒေါ်ခင်နီလာစိုး၊  နမ္မတူမြို့နယ် ဦးစီးအရာရှိ ဒေါ်စိုးစန္ဒာဝိုင်းနှင့် ကျောက်မဲခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်မြတ်ဝါတို့က ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်၊ ရုံးလုပ်ငန်းဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေနည်းဥပဒေဘာသာရပ်၊ သတင်းရေးသားနည်း ဘာသာရပ်၊ လူထုဟောပြောနည်းဘာသာရပ်နှင့် Digital Library management system ရေးသွင်းနည်းဘာသာရပ်တို့ကို သင်ကြားပို့ချခဲ့သည်။


အဆိုပါ ဆွေးနွေးပို့ချချက်များကို တက်ရောက်လာသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်နှင့်မြို့နယ်ဝန်ထမ်းများတက်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ပို့ချသွားသည်ဟု သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)