ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ



MNP - အောက်တိုဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန Community Centre ခန်းမ၌ "အမျိုးသားနေ့အထိမ်းအမှတ် "စာစီစာကုံးပြိုင်ပွဲနှင စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်(၁း၃၀)အချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးဆုစံက ပြိုင်ပွဲကျင်းပရခြင်းမှာ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား သိရှိပြီး မျိုးချစ်စိတ်များ နှိုးကြားလာစေရန်၊ မျိုးချစ်သူရဲကောင်း၊ မျိုးချစ်ကျောင်းသား ကြီးများမှ အသက်သွေးချွေးပေးဆပ်၍ ကျားကုတ်ကျားခဲ ရယူခဲ့သော အမိမြေ၊ စာပေ၊ ယဉ်ကျေးမှုများကို တန်ဖိုးထားမြတ်နိုးစွာဖြင့်  မပျောက်မပျက်အောင် ထိန်းသိမ်းစောင့် ရှောက်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ သည်။


အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသူ များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)