အမ်းမြို့နယ် (Community Centre) ခန်းမတွင်ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး နံရံကပ်စာ စောင်များပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် (Community Centre) ခန်းမတွင်ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး နံရံကပ်စာ စောင်များပြသ



MNP ၊ အောက်တိုဘာ   ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူဆက် ဆံရေးဦးစီးဌာန(Com munityCentre)ခန်းမ တွင် ကလေး အလုပ် သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို အများပြည်သူ များ ဖတ်ရှု့လေ့လာနိုင်ရေးအတွက် ယမန်နေ့ ညနေ(၄)နာရီအချိန် က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် ကလေး အလုပ် သမား ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံရှိ ကလေး အလုပ်သမား များ အရေအတွက် နှင့် ကလေး အလုပ်သ မားများတွေ့ရှိနိုင်သည့် အခြေအနေများ၊ ကလေး အလုပ် သမား၏ အသက် အရွယ်၊ ကလေးအ လုပ်သမား ပပျောက် ရေးအတွက် ဥပဒေရေးရာနှင့်ပတ်သတ်ပြီး ဆောင်ရွက်ပေး နေမှုများ၊ ကလေး သူငယ်များကို အဆိုးရွာဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ကလေး အလုပ်သမားများအား ခိုင်းစေလျှင်  ဥပဒေအရ ပြစ်မှု ၊ပြစ် ဒဏ်များ၊ ကလေးသူ ငယ်များအား ခိုင်းစေခြင်းအတွက် တားမြစ်ချက်များ၊ မြန်မာနိုင်ငံ အတွင်း ကလေး အ လုပ်သမားနှင့် ပတ်သတ်ပြီး အကာအကွယ် ပေးထားတဲ့ ဥပဒေများ၊  ကလေးသူငယ်များအပေါ် ခွဲခြား ဆက်ဆံမှု ပပျောက် စေရေး ကလေးသူငယ်များ အသက် ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ ကာကွယ် စောင့် ရှောက်ခွင့်များ စသည့် အကြောင်း အရာများပါဝင်သော နံရံကပ်စာစောင်များအား အများပြည်သူများ ဖတ်ရှု့လေ့ လာနိုင်ရေး ပြသဆောင်ရွက်ထားရှိရာ  လူငယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှု့လေ့ လာခဲ့ကြောင်းသိရ သည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)