ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Covid-19 RDT ဖြင့် စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Covid-19 RDT ဖြင့် စစ်ဆေး



MNP - အောက်တိုဘာ  ၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Covid-19 RDT ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက် (၁ဝ) နာရီချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စစ်ဆေးပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံမှ တာဝန်ရှိများတို့က ပိုင်ကျုံမြို့၌ တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်း (၇၅) ဦးအား Covid-19 RDT စစ်ဆေးပေးနိုင်ခဲ့ရာ စစ်ဆေးခံရသူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း သိရသည်။


အဆိုပါ‌ရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)