CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးမှု ၇၃၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း နစက ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးမှု ၇၃၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း နစက ထုတ်ပြန်









MNP ၊ အောက်တိုဘာ ၁၂

CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအား မတရားစွပ်စွဲ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် နိုင်ငံပိုင်အဆောက်အဦ၊ ရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦများအား နှောင့်ယှက်ဖျက်ဆီးမှုများကို လုပ်ဆောင်လျက်ရှိသည်။


ထို့ပြင် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေး၊ လမ်းပန်ဆက်သွယ်လွယ်ကူချော မွေ့စေရေးတို့အတွက် အစိုးရအဆက်ဆက် နိုင်ငံတော် ဘဏ္ဍာငွေများ အမြောက် အများ အသုံးပြုပြီး အချိန်ကာလကြာရှည်စွာ တည်ဆောက်ထားသည့် လမ်း၊ တံတားများကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။


ထိုသို့ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ရာ ယနေ့ အထိ ၇၃၂ ကြိမ်လုပ် ဆောင်ခဲ့သည်။


နိုင်ငံတော်အစိုးရ အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်ဆက်သွယ် လွယ်ကူချောမွေ့စေရေးဆောင်ရွက်နေမှုများ အပေါ် PDF အမည်ခံ အကြမ်းဖက် သမားများက ယခုကဲ့သို့ လမ်း၊တံတားများအား မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့ကာ အကြမ်းဖက်သမားများ ရပ်တည်မှု မရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)