MNP - အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကလေးသူငယ်အခွင်းအရေးဆိုင်ရာ ကော်မတီ (DCRC) အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ (DCRC) ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ခရိုင်အဆင့်လုပ်ငန်းကော်မတီကို အဖွဲ့ဝင်(၁၁) ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ် ကြောင်း၊ လုပ်ငန်းကော်မတီ၏ တာဝန်များမှာ အချက် ၁၀ ချက်ရှိကြောင်း၊ လုပ်ငန်းတာဝန်များ အောင်မြင်နိုင်ရန် ကော်မတီဝင်အားလုံးက ညှိနှိုင်းဆွေးနွေးတိုင်ပင်ဆောင်ရွက်ကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ကော်မတီအတွင်းရေးမှူး ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမော်က မိမိဌာန၏ လုပ်ငန်းတာဝန်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက် လာကြသည့် ကော်မတီဝင်များ၊ သီးခြားဖိတ်ကြားထားသူများက အထွေထွေဆွေးနွေးကြပြီး ခရိုင်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment