နတ်မောက်မြို့ရှိ အထင်ကရဖြစ်သည့်နေရာများအား Documentary ရိုက်ကူးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ရှိ အထင်ကရဖြစ်သည့်နေရာများအား Documentary ရိုက်ကူးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - အောက်တိုဘာ   ၁၃


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ အထင်ကရဖြစ်သည့်နေရာများအား Documentary ရိုက်ကူးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် မြို့နယ်အတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများမှ အထင်ကရဖြစ်သည့်နေရာများ၊ စိုက်ပျိုးရေးတွင် စပါး၊ နေကြာ၊ ဝါ၊ တစ်အုပ်တစ်မဖြစ်သည့် သစ်တောစိုက်ခင်းများ၊ ကျေးလက်လမ်းဆက်သွယ်မှုများ၊ ဆည်ငယ်၊ ကန်ငယ်များ၊ အခြေခံပညာရေးကျောင်းများ၏  ဖွံ့ဖြိုးတိုးတက်မှုစသည့် လုပ်ဆောင်ချက်များကို ရိုက်ကူးရေးတွင် ထည့်သွင်းပေါင်းစပ်လုပ်ဆောင်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)