ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 


MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက အမှတ် (၄၆)ရပ်ကွက်၊ ‌ဗိုလ်စောဦးလမ်းရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်တွင် တစ်ချက်အပါအဝင်ဖြစ်သည့်  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် ဦးတည် ချက်နှင့်အညီ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံသော အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်အတွက် ကျောင်းသား ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘက်စုံထူးချွန် ထက်မြက်သော လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရန်၊  မြို့နယ်အတွင်း မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား သိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအတွက် အလွန်အကျိုးရှိပြီး မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း(၃)ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့သည့်အတွက် အနာဂတ်တွင် ကျန်းမာကြံ့ခိုင်‌သော လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းသား သင်တန်းသူများမှလည်း နိုင်ငံတော်အတွက် အားထားရမည့် ထူးချွန်ထက်မြက်သော အားကစားသမားများ ဖြစ်ပေါ်လာစေရန် စဉ်ဆက်မပြတ် ဆက်လက်လေ့ကျင့်သွားကြရန် လိုအပ်ကြောင်း” အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။


ထို့နောက် သင်တန်းသား/သူများက တိုက်ကွမ်ဒို၊  မြန်မာ့သိုင်း၊ Fitness Dance၊ အားကစား နည်းများဖြင့် သရုပ်ပြသခဲ့ကြသည်။ အဆိုပါ မိုးရာသီ အခြေခံအားကစားသင်တန်းအား နည်းပြဆရာ (၉) ဦးဖြင့် မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ (၁၆၀)ဦး၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှ(၇၀)ဦး၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ(၁၂၀)ဦး၊ စုစုပေါင်းသင်တန်းသား/သူ (၃၅၀)ဦးတို့ဖြင့် တစ်လခွဲကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)