ဟင်းသီးဟင်းရွက်စိုက်တောင်သူများအား(GAP)စနစ်နည်းပညာပေးသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်းသီးဟင်းရွက်စိုက်တောင်သူများအား(GAP)စနစ်နည်းပညာပေးသင်တန်းဖွင့်



MNP - အောက်တိုဘာ   ၇


နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်တောင်သူများအား (GAP)နည်းပညာပေးသင်တန်းကို အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းက ဇေယျာသီရိ မြို့နယ် ရှားစေးဖိုကျေးရွာ၌ ကျင်းပခဲ့သည်။                                                            


သင်တန်းတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက ဇေယျာသီရိမြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်တောင်သူများအား (GAP)စနစ နည်းပညာပေးသင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်အိနန္ဒာကြည်က အစားအစာအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးကဏ္ဍ၊ သီးနှံများ၏အရည်အသွေးကဏ္ဍ၊ လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍ စသည့်ခေါင်းစဉ်များဖြင့် သင်ကြား ပို့ချသွားမည်ဖြစ်သည်။                   


ဟင်းသီးဟင်းရွက်စိုက် တောင်သူများအနေဖြင့်  (GAP)စနစ် အနည်းငယ်ဖြည့်စွက် စိုက်ပျိုးခြင်းဖြင့် အရည်အသွေးမှီ သစ်သီးဝလံများရရှိခြင်း၊ စားသုံးသူ အန္တရာယ်ကင်းရှင်းခြင်း၊ ပတ်ဝန်ကျင်ညစ်ညမ်းမှု ကိုကာကွယ်ခြင်း၊ လုပ်သားကျန်းမာရေးနှင့် ဘဝသာယာဝပြောရေးကိုလည်း အထောက်ကူပြုနိုင်ခြင်း  စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)