စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးဝန်းအတွင်း ဆောင်ရွက်ထားရှိသော Hydroponic မြေမဲ့စိုက်ပျိုးနည်းစနစ် စိုက်ပျိုးထားရှိမှုနှင့် Home garden မှိုစိုက်ပျိုး ထုတ်လုပ်ထားရှိမှုများ လေ့လာခြင်းနှင့် တောင်သူ နည်းပညာပေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးဝန်းအတွင်း ဆောင်ရွက်ထားရှိသော Hydroponic မြေမဲ့စိုက်ပျိုးနည်းစနစ် စိုက်ပျိုးထားရှိမှုနှင့် Home garden မှိုစိုက်ပျိုး ထုတ်လုပ်ထားရှိမှုများ လေ့လာခြင်းနှင့် တောင်သူ နည်းပညာပေး သင်တန်းဖွင့်လှစ်




MNP - အောက်တိုဘာ  ၂၇


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်အတွင်း တောင်သူများ အိမ်ခြံဝန်းအတွင်း တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီး အန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်များ ထုတ်လုပ်ပြီး ဝင်ငွေပိုမိုရရှိစေရန်နှင့် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကို အလွယ်တကူ ဆက်သွယ်ဆောင်ရွက်ရရှိနိုင်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးဝန်းအတွင်း ဆောင်ရွက်ထားရှိသော Hydroponic မြေမဲ့စိုက်ပျိုးနည်းစနစ် စိုက်ပျိုးထားရှိမှုနှင့် Home garden မှိုစိုက်ပျိုး ထုတ်လုပ်ထားရှိမှုများ လေ့လာခြင်းနှင့် တောင်သူနည်းပညာပေး သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြသည်။


ရှေးဦးစွာ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသက်အောင်က မုံရွာမြို့နယ်အတွင်း ဇလုတ်ကျေးရွာ၊ မြင်းမီးလောင်ကျေးရွာနှင့် မင်္ဂလာကုန်းကျေးရွာတို့မှ တက်ရောက် လေ့လာသော တောင်သူ ၄၀ ဦးအား မှိုစိုက်ပျိုး ထုတ်လုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံပြသ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဦးဖြိုးဝေမှ သဘာဝ မြေဆွေးပြုလုပ်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြသ ဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး မုံရွာမြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က Hydroponic စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Aquaponic ဟင်းသီးဟင်းရွက်နှင့် မွေးမြူရေး ပူးတွဲ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြသရှင်းလင်း ဆွေးနွေးခဲ့သည်။


ထို့နောက် နည်းပညာပေးသင်တန်းကို ဆက်လက်ပြုလုပ်ရာ သင်တန်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦးက တိုင်းဒေသကြီးအတွင်း တောင်သူနည်းပညာပေး ဆောင်ရွက်နေမှု အခြေအနေများနှင့် တောင်သူများ စိုက်ပျိုးနည်းပညာများ အလွယ်တကူ ဆက်သွယ်ဆောင်ရွက်နိုင်ရန် call center များထားရှိမှုနှင့် ICT နည်းပညာများဖြင့် ပညာပေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးမှ တက်ရောက်လာသော တောင်သူများအား Hohe Garden အိမ်ခြံဝန်းဥယျာဉ်စိုက်ပျိုးခြင်း နည်းပညာများကို ရှင်းလင်းဆွေးခဲ့ပြီး မြို့နယ်အတွင်း နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာစိုက်ထုတ်လုပ်မည့် တောင်သူများအား နေကြာမျိုးများ ဖြန့်ဝေဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး သိရှိလိုသည့်မေးမြန်းမှုများကို တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)