အကြမ်းဖက်လှုံ့ဆော်သတင်းများ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနေသည့် infinity group စာမျက်နှာမှ ဆရာတော် ဦးဝါသဝ ခြေတစ်ဖက်ဖြတ်လိုက်ရဟု မဟုတ်မမှန် ရေးသားဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်သတင်းများ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနေသည့် infinity group စာမျက်နှာမှ ဆရာတော် ဦးဝါသဝ ခြေတစ်ဖက်ဖြတ်လိုက်ရဟု မဟုတ်မမှန် ရေးသားဖော်ပြ




MNP ၊ အောက်တိုဘာ ၂

အကြမ်းဖက်လှုံ့ဆော်သတင်းများ လုပ်ကြံဖန်တီးရေးသားဖော်ပြလေ့ရှိသည့် infinity group နီပိန်း အကြမ်းဖက်လှုံ့ဆော် စာမျက်နှာမှ "PDF ထောက်ခံတဲ့ရွာတွေအကုန် မီးရှို့ပစ်မယ်လို့ ကြွေးကြော်နေသူ ဝါသဝ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ခြေတဖက်ဖြတ်လိုက်ရ" ဟုရေးသားဖော်ပြထားသည်ကို တွေ့ရသည်


၎င်းတို့၏ လုပ်ကြံဖန်တီးရေးသား ဖော်ပြမှုတွင် "ကန့်ဘလူမြို့နယ် ၊ ကျွန်းလှမြို့နယ် နှင့် တန့်ဆည်မြို့နယ်တို့တွင် အကြမ်းဖက်ပြူစောထီး သင်တန်းတက်ရန် လိုက်လံစည်းရုံးနေကာ PDF ထောက်ခံတဲ့ရွာတွေအကုန် မီးရှို့ပစ်မယ်လို့ ကြွေးကြော်နေသူ ဝါသဝ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ခြေတဖက်ဖြတ်လိုက်ရကြောင်း သိရသည်။ ဝါသဝအား မနေ့ အောက်တိုဘာလ ၁ ရက်နေ့က ကန့်ဘလူမြို့နယ် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် သွေး ၂ လုံး သွင်းခဲ့ရကြောင်း၊မွတ်စ်လင်မုန်းတီးရေးတရားများဟောသော မဘသဘုန်းကြီးဖြစ်သူ ၎င်းအား သွေးလှူဒါန်းသူများမှာ မွတ်စ်လင်ဘာသာဝင် ၂ ဦးဖြစ်သည့် ထန်းကုန်းစံပြရွာနေ မာဆွတ် နဲ့ ရှလွတ် ဆိုသူတို့ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းနှင့်အတူ ကားပေါ်တွင် လိုက်ပါလာသော အကြမ်းဖက်ပြူစောထီး ၂ ဦးမှာလဲ သေဆုံးသွားခဲ့ကြောင်း၊ခြေတဖက်ပြတ် ဝါသဝအား ယနေ့ အောက်တိုဘာ ၂ ရက်နေ့မနက်ပိုင်းတွင် ကန့်ဘလူ ကုတင်(၁၀၀)ဆံ့ ဆေးရုံ မှ မန္တလေးသို့ လွှဲလိုက်ကြောင်း သိရသည်။" ဟု လုပ်ကြံဖန်တီးရေးသားဖော်ပြထားခြင်း ဖြစ်သည်။

ဆရာတော်ဦးဝါသဝ က "အဲဒီ ဖြစ်စဉ်ဖြစ်တဲ့ နေ့ကတည်းက ဒကာတို့လည်း သတင်းတင်ထားတာပဲ။ ဘုန်းကြီး ဘာမှ မဖြစ်ဘူး။ ဘာထိခိုက်မှုမှ မရှိဘူး။ ဘုန်းကြီးနဲ့ ပါတဲ့ ပြည်သူ့စစ်တွေလည်း ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ infinity group က ဘာရည်ချက်နဲ့ အခုမှ အဲဒီလို ထရေးသလဲတော့ မပြောတတ်ဘူး။ ပြည်ပက အထောက်အပံ့တွေရအောင်ပဲ လုပ်ကြံဖန်တီးရေးသားသလား။ အကြမ်းဖက်သမားတွေ ဝမ်းသာအားရဖြစ်အောင် လုပ်ကြံဖန်တီးရေးသားသလား မပြောတတ်ပါဘူး။ ဘုန်းကြီးကတော့ သူတို့ ပြောသလို ထိခိုက်တာ ဘာမှမရှိဘူး။ ဝမ်းမသာကြနဲ့။ သူတပါး အတိဒုက္ခရောက်တာကို ဝမ်းသာတယ်ဆိုတာ လူယုတ်မာတွေရဲ့ အလုပ်။ လူယုတ်မာတွေ မဖြစ်ကြပါစေနဲ့။ ဘုန်းကြီးက ဒီနယ်မှာ လှည့်လည်ပြီး ဟောပြောစည်းရုံးပေးနေတယ်ဆိုတာ အနီ အစိမ်း ခွဲခြားပြီး အလုပ် လုပ်နေတာ မဟုတ်ဘူး။ အနီဖြစ်ဖြစ် အစိမ်းဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြနဲ့။ ကိုယ့်ရွာကိုယ် မဖျက်ဆီးကြနဲ့။ ကိုယ့်ရွာကို ဖျက်ဆီးမယ့်လူဆိုရင် ရွာက မောင်းထုတ်။ ကိုယ့်ရွာကို အကြမ်းဖက်သမားတွေ လာမဖျက်ဆီးနိုင်အောင် စုပေါင်းကာကွယ်နိုင်ဖို့ လုပ်ပေးနေတာပါ။ ဒကာ/ ဒကာမတွေရဲ့ ကောင်းကျိုးအတွက်ပဲ လုပ်ပေးနေတာပါ။" ဟု မိန့်ကြားသည်။

ဆရာတော်ဦးဝါသဝ သည် ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များအတွင်း KIA, PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများစွာ သေဆုံးခဲ့ရပြီး အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် နေအိမ်စွန့်ခွါ ထွက်ပြေးရသည့် ရွာသူရွာသားများကို ကယ်တင်စောင့်ရှောက်ပေးခဲ့သည်။ ဆရာတော် အနေဖြင့် ထိုသို့ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသည့်အပေါ် အကြမ်းဖက်လှုံ့ဆော်သူများက ဆရာတော်အား ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လမ်းခရီးတွင် မိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ်အထိ ကြုံတွေ့ခဲ့ရသည်။

NLD အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူများ လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေနေသည့် infinity group စာမျက်နှာမှ ဆရာတော်နှင့် ပတ်သက်၍ လုပ်ကြံသတင်းများ မကြာခဏ ရေးသားဖြန့်ဝေလေ့ရှိသည်။

  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)