ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Inya Urban Force-IUF အမည်ခံ အကြမ်းဖက်အဖွဲ့မှ တရားခံ (၁၀)ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Inya Urban Force-IUF အမည်ခံ အကြမ်းဖက်အဖွဲ့မှ တရားခံ (၁၀)ဦး ဖမ်းဆီးရမိ



MNP ၊ အောက်တိုဘာလ ၃၀

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား  စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း၊ အိမ်အမှတ် (၄/၂၈-က) နေ ဦးအုန်းသွင်နှင့် ၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇ တို့သည် မြို့တွင်းမှ နေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့သို့အရောက်၌ အကြမ်းဖက်သမားများက  ပစ္စတိုဖြင့် ပစ်ခတ်၍ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးမှု များကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျော်ကောင်းထက် (ခ)ကောင်းထက်(ခ)အောင်နိုင်မိုး အား အောက်တိုဘာလ ၁ ရက်တွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဖူဆန်တရုတ်ဘုံကျောင်းအနီး၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်ကောင်းထက်(ခ)ကောင်းထက်(ခ) အောင်နိုင်မိုး၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့် ဆက်စပ်တရားခံများဖြစ်သော ဥက္ကာဖြိုး(ခ)ဖရန့်(ခ) အုပ်ကြီး၊ ဇင်မေလတ်(ခ)ရတီ(ခ)ဧပရယ်၊ သန်းထက်ဇင်(ခ)မိုးစက်၊ ညီညီချစ်ထူး(ခ)မိုင်း၊ ရွှန်းလဲ့ဝေ(ခ)ဟာနာ(ခ)နောဝိုင် တို့အား အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ရေကူးကန်၌လည်းကောင်း၊ ယင်းနေ့ နေ့လည်ပိုင်းတွင် နေရှိုင်း(ခ)ရှိုင်းထက်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုလယ်ယာ(၃)လမ်း၊ အိမ်အမှတ်(၁၃၁၄)၌လည်းကောင်း၊ အောက်တိုဘာလ ၃ ရက် နေ့လည်ပိုင်းတွင် သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာ တို့အား ကမာရွတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ပြည်လမ်းရှိ သုခကမ္ဘာဆေးရုံအနီး၌ လည်းကောင်း၊ အောက်တိုဘာလ ၆ ရက်နေ့လည်ပိုင်းတွင် ဇေယျာလင်းထက်(ခ) ဟန်လင်းထက်အား သာကေတမြို့နယ်၊ အမှတ်(၂)တောင်ရပ်ကွက်၊ ဇောတာရုံလမ်း၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၇ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၀ ဦးအား ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဥက္ကာဖြိုး(ခ)ဖရန့်(ခ)အုပ်ကြီး၊ သန်းထက်ဇင်(ခ)မိုးစက် နှင့် ကျော်ကောင်းထက်(ခ)ကောင်းထက်(ခ)အောင်နိုင်မိုးတို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် လှိုင်မြို့နယ်၊ မာလာမြိုင်(၄)လမ်း၊ အိမ်အမှတ်(၉၆)၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁၀ ရက် တက်ရောက်ခဲ့ကြောင်း၊ နေရှိုင်း(ခ)ရှိုင်းထက်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာအနီး၌ မင်းကင်း PDF အဖွဲ့ထံတွင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း ၄ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုသို့အကြမ်းဖက်သင်တန်းများ အသီးသီး တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် Inya Urban Force-IUF အမည်ခံအကြမ်းဖက် အဖွဲ့အား ဖမ်းဆီးရန်ကျန်တရားခံ ကိုပိုင်(ခ)စစ်နိုင် ခေါင်းဆောင်၍ ဥက္ကာဖြိုး(ခ)ဖရန့်(ခ)အုပ်ကြီး၊ သန်းထက်ဇင်(ခ)မိုးစက်၊ ကျော်ကောင်းထက်(ခ) ကောင်းထက်(ခ)အောင်နိုင်မိုး၊ သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်၊ နေရှိုင်း(ခ)ရှိုင်းထက်၊ ဇေယျာလင်းထက်(ခ) ဟန်လင်းထက်၊ ညီညီချစ်ထူး(ခ)မိုင်း၊ ရွှန်းလဲ့ဝေ(ခ) ဟာနာ(ခ)နောဝိုင်၊ ဇင်မေလတ်(ခ)ရတီ(ခ)ဧပရယ်၊ ပန်းအိအိကျော်(ခ)အိန္ဒြာ နှင့်ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော  သီဟ(ခ)ကူးပါး၊ ကိုထက်(ခ)ကိုဗန်၊ ကိုလင်း တို့ပါဝင်သော အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

IUF အမည်ခံ အကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြား စေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-


-၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် ဥက္ကာဖြိုး(ခ)ဖရန့်(ခ)အုပ်ကြီး သည် ရန်ကင်းမြို့နယ်၊ ကန်ပတ်လမ်းနှင့် ရန်ကင်းလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။


-၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ညီညီချစ်ထူး(ခ)မိုင်းသည် ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ IUF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် များသည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ် ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-


-၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်သည် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(မြောက်)အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းနှင့် ဦးသီဟလမ်းထောင့်၌ ရာအိမ်မှူး ဒေါ်နှင်းနှင်းလှိုင် အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး(ခ)မိုင်း၊ ရွှန်းလဲ့ဝေ(ခ)ဟာနာ(ခ) နောဝိုင်နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာ တို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။


-ဒီဇင်ဘာလ ၂၉ ရက်တွင် သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်သည် စမ်းချောင်း မြို့နယ်၊ သီရိခေမာရပ်ကွက်၊ သီရိလမ်း၊ အိမ်အမှတ်(၇၇)ရှေ့ လမ်းမပေါ်၌ ရာအိမ်မှူး ဒေါ်ခင်သူဇာအောင်(ခ)ဒေါ်မေသူအောင်အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး (ခ)မိုင်း၊ ရွှန်းလဲ့ဝေ(ခ)ဟာနာ(ခ) နောဝိုင်နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာတို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။


-၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်တွင် သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၁)ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဦးတင်မောင်အေး အား နေအိမ်အတွင်းသို့ဝင်ရောက်၍ ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး(ခ)မိုင်း၊ ရွှန်းလဲ့ဝေ(ခ)ဟာနာ(ခ) နောဝိုင်နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာတို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။


-ဧပြီလ ၁၀ ရက်တွင် သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်နှင့်  ကျော်ကောင်းထက် (ခ)ကောင်းထက်(ခ)အောင်နိုင်မိုးတို့ ၂ ဦးသည်  လမ်းမတော်မြို့နယ်၊ မော်တင် ယာယီဈေးရပ်ကွက်၊ ကမ်းနားလမ်း၊ အောင်ကောင်းစံ စားသောက်ဆိုင်၌ ဗိုလ်မှူး ကုဋေဖြိုးအောင်နှင့် စိုင်းအောင်အောင်ဇော် တို့အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ညီညီချစ်ထူး(ခ)မိုင်း၊ သန်းထက်ဇင်(ခ) မိုးစက်၊ ရွှန်းလဲ့ဝေ(ခ)ဟာနာ(ခ)နောဝိုင်နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာ တို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။


-ဇူလိုင်လ ၂၈ ရက်တွင် သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်နှင့်  ကျော်ကောင်းထက် (ခ)ကောင်းထက်(ခ)အောင်နိုင်မိုး တို့ ၂ ဦးသည် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘိုကလေးဈေးအနီး၌ အမှတ်(၇)ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း(ခ)ဘော်ဘီအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် ဥက္ကာဖြိုး(ခ)ဖရန့်(ခ)အုပ်ကြီး၊ နေရှိုင်း(ခ)ရှိုင်းထက်၊ ဇေယျာလင်းထက်(ခ)ဟန်လင်းထက်၊ ဇင်မေလတ်(ခ)ရတီ(ခ)ဧပရယ် နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာ တို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။


-စက်တင်ဘာလ ၂၄ ရက်တွင် သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်နှင့် နေရှိုင်း (ခ)ရှိုင်းထက် တို့ ၂ ဦးသည် လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အောင်ဓမ္မ ရိပ်သာလမ်း၊ အိမ်အမှတ်(၄/၂၈-က)တွင် နေထိုင်သော ဦးအုန်းသွင်နှင့် ၎င်း၏ သားမက်ဖြစ်သူ ကိုရဲတေဇ တို့အား  ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ ရာတွင် ကျော်ကောင်းထက်(ခ)ကောင်းထက်(ခ) အောင်နိုင်မိုး၊ ဥက္ကာဖြိုး(ခ) ဖရန့်(ခ)အုပ်ကြီး၊ ဇေယျာလင်းထက်(ခ)ဟန်လင်းထက်၊ ဇင်မေလတ်(ခ)ရတီ (ခ)ဧပရယ်နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာ တို့မှ အခြေအနေစောင့်ကြည့်ပေး ခဲ့ကြောင်း။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများအား ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော ကိုပိုင်(ခ)စစ်နိုင်၊ သီဟ(ခ)ကူးပါးနှင့် ကိုထက်(ခ)ကိုဗန် တို့မှ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်/ခဲယမ်းများအား ကိုပိုင်(ခ)စစ်နိုင် မှထုတ်ပေး၍ လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ပြီးပါက ကိုပိုင်(ခ)စစ်နိုင် ထံသို့ ပြန်လည်အပ်နှံရကြောင်း၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများအတွက် ၁ ဦးလျှင် ၃ သောင်းကျပ်မှ ၂ သိန်းကျပ်အထိ ရရှိကြောင်း ဖော်ထုတ်သိရှိရသည်။


သို့ဖြစ်၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)