KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး



MNP ၊ အောက်တိုဘာ ၆

KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်များနှင့် စီးပွားရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဘာသာရပ်သင်ကြားရေး အဖွဲ့ (Board of studies) ဆော်ဩသူပါမောက္ခများအား KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲနိုင်ရေးအတွက် အသေးစိတ်ဆွေးနွေး ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မူရင်းသင်ရိုးညွှန်းတမ်းများကို ရေးဆွဲပေးခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများရှိပါကလည်း ဖိတ်ခေါ်ဆွေးနွေး တိုင်ပင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စသည်ဖြင့် နှစ်အလိုက်သင်ရိုး ညွှန်းတမ်းများ ဆက်စပ်ချိတ်ဆက်သင်ကြားနိုင်ရန်လိုအပ်ပါကြောင်း၊ အချို့သင်ရိုးများမှာ အနည်းငယ်သာပြုပြင်ရခြင်း၊ အဆင့်မြှင့်ဆောင်ရွက်ရခြင်းများရှိနိုင်ပါကြောင်း၊ ဘာသာရပ်တစ်ခုစီ၏ အရည်အသွေးတိုးတက်မှသာ ဘာသာရပ်များအားလုံး တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်၍ အားလုံးဝိုင်းဝန်းကာ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ နိမ့်ကျနေသည့်ပညာရေးကို ကုစားမြှင့်တင်ပေးနိုင်ရေးအတွက် အခြေခံကျကျ လမ်းကြောင်းအမှန်ကို ဝိုင်းဝန်းပူးပေါင်း၍ ရှာဖွေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က ရှင်းလင်းဆွေးနွေးကာ အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)