တန့်ဆည်မြို့နယ်အတွင်း KIA, PDF အကြမ်းဖက်အဖွဲ့များ အသုံးပြုသည့် သုံးစီးမြောက် ဒရုန်း သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ်အတွင်း KIA, PDF အကြမ်းဖက်အဖွဲ့များ အသုံးပြုသည့် သုံးစီးမြောက် ဒရုန်း သိမ်းဆည်းရမိ



MNP ၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း အဖျက်အမှောင့် အကြမ်းဖက် လုပ်ရပ်မျိုးစုံကို ကျူးလွန်လျက်ရှိသည့် KIA, PDF အကြမ်းဖက်သမားများက ဒရုန်းများအသုံးပြု၍ အများပြည်သူထိခိုက်အောင် ဗုံးချခြင်းများ ပြုလုပ်ဆောင်ရွက်ရှိရာ KIA, PDF အကြမ်းဖက်သမားများ အသုံးပြုသည့် သုံးစင်းမြောက် ဒရုန်းကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ၁၂-၁၀-၂၀၂၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက "ဒီကောင်တွေက ရွာထဲကို ဒရုန်းနဲ့ ဗုန်းချတယ်။ စာသင်ကျောင်းတွေပေါ်ချတယ်။ ကုန်ကုန်ပြောရရင် ဘုန်းတော်ကြီးကျောင်းတွေပါမချန် ဒရုန်းနဲ့ ဗုန်းချဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်နေတာ ကြာပါပြီ။ ဒီအစီးက ကျွန်တော်တို့ ဖမ်းဆီးရမိတာ ၃စီးမြောက်ဖြစ်ပါတယ်။ ဒီကောင်တွေမှာ သတ္တိမရှိတော့ဘူး။ ဝင်မတိုက်ရဲတော့ဘူး။ ဝေဟင်ကနေ အကြမ်းဖက်တာပေါ့ဗျာ။ ကျွန်တော်တို့ကလည်း အကြမ်းဖက်သမားများက တစ်နေ့တစ်မျိုးမရိုးရလေအောင် တိုက်ခိုက်လာလေ ဖြစ်နိုင်သမျှ နည်းလမ်းနဲ့ ရှာကြံပြီး ကာကွယ်တားဆီးရတာပါ" ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ၊ တန့်ဆန်၊ ကျွန်းလှမြို့နယ်များတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အင်အားကောင်းလာခြင်းကြောင့် KIA, PDF အကြမ်းဖက်သမားများမှာ ကျေးရွာများအတွင်း ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ပြည်ပြေးများ၏ အထောက်အပံ့ဖြင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်လာနေသည့်အပေါ် ပြည်သူ့စစ်များအနေဖြင့် ခုခံကာကွယ်တားဆီးနေကြရခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)