ရဟန်းသံဃတော်များကို လုပ်ကြံသတ်ဖြတ်လျက်ရှိသော KIA, PDF အကြမ်းဖက် အန္တရာယ်ကို ကာကွယ်နိုင်ရန် လက်ရွေးစင် ပြည်သူ့စစ်အင်အား ပြင်ဆင်ဖွဲ့စည်းထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရဟန်းသံဃတော်များကို လုပ်ကြံသတ်ဖြတ်လျက်ရှိသော KIA, PDF အကြမ်းဖက် အန္တရာယ်ကို ကာကွယ်နိုင်ရန် လက်ရွေးစင် ပြည်သူ့စစ်အင်အား ပြင်ဆင်ဖွဲ့စည်းထားကြောင်း သိရ





MNP ၊ အောက်တိုဘာ ၁၈

ရဟန်းသံဃတော်များ၊ ဆရာ/ဆရာမများ၊ သက်ကြီးရွယ်အိုများကို လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသော KIA, PDF အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နိုင်ရန် လက်ရွေးစင်ပြည်သူ့စစ်အင်အား ပြင်ဆင်ဖွဲ့စည်းထားကြောင်း ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့များ စည်းရုံးဖွဲ့စည်းပေးလျက်ရှိသည့် ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) ထံမှ သိရသည်။


ဆရာတော်ဦးဝါသဝ က "'ဒီကနေ့ပေါ့နော် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး သြဝါဒပေးတာပေါ့။ လက်ရှိဖြစ်ပေါ်နေတဲ့ ဆရာတော်သံဃာတော်တွေကို သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေ ရှင်းပြတယ်။ KIA, PDF အကြမ်းဖက်အဖွဲ့တွေက သံဃာတော်တွေကိုသတ်၊ သက်ကြီးရွယ်အိုတွေကို သတ်ပြီး လူသတ် ဓားပြတိုက်တဲ့ အလုပ်တွေ အလွန်အကျူး လုပ်လာတဲ့အပေါ်မှာ အလေးထားပြီး ကာကွယ်နိုင်ဖို့ လက်ရွေးစင်ပြည်သူ့စစ်အဖွဲ့ဝင်တွေ ရွေးချယ်ထားမှာ ဖြစ်ပါတယ်။ အရေးကြုံလာတာနဲ့ အချိန်နဲ့တပြေးညီ ခုခံကာကွယ်မှုပေးနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ပြောကြားရာမှာလည်း မိမိရပ်ရွာအတွင်းမှာ ကလေးတွေ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနိုင်ဖို့၊ တောင်သူများ သီးနှံတွေ စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ အကြမ်းဖက်အဖွဲ့တွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းကိုလည်း ဒရုန်းနဲ့ ဗုံးချတယ်။ လယ်ထဲမှာလည်း စိုက်ပျိုးလုပ်ကိုင်လို့ မရအောင် မိုင်းလာထောင်တယ်။ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ ရှိနေတဲ့အပေါ်မှာ အထူးအလေးထား ကာကွယ်ကြဖို့ ပြောကြားခဲ့ပါတယ်။" ဟု မိန့်ကြားသည်။


ဆရာတော်ဦးဝါသဝ အနေဖြင့် ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များအတွင်း လှည့်လည်စည်းရုံး၍ ပြည်သူစစ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)