ဟိုပန်မြို့နယ်၌ နယ်သာလန် အာလူးမျိုး (Markies)အား စတင်စမ်းသပ် စိုက်ပျိုးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့နယ်၌ နယ်သာလန် အာလူးမျိုး (Markies)အား စတင်စမ်းသပ် စိုက်ပျိုးသွားမည်



MNP - အောက်တိုဘာ  ၃၁


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌  နယ်သာလန် အာလူးမျိုး မာကီးစ် (Markies)အား စတင်စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


အာလူးမျိုးစတင်စိုက်ပျိုးမည့် တောင်သူများအား အခက်အခဲမဖြစ်စေရန်နှင့် အာလူးသီးနှံအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုး၍ အထွက်တိုးကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဦဂစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်နှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ(၁)နာရီက မော်ဟွေ့ကျေးရွာ၌ အာလူးမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် မြေဩဇာစနစ်တကျသုံးစွဲမှု နည်းစနစ်များ၊ အလေအလွင့်နည်းအောင် ရိတ်သိမ်းသည့်နည်းစနစ်များကို အသိပညာပေး ဟောပြောခဲ့ပြီး စိုက်ပျိုးချိန်တွင်လည်း အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ နယ်သာလန်  အာလူးမျိုး စိုက်ပျိုးကြမည့် တောင်သူများထံသို့ အာလူးမျိုးသန့်များ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့သည်။


အဆိုပါ အာလူးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနမှ  ဟိုပန်မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် "ဝ"တောင်တန်း မျိုးစေ့ထုတ်သမဝါယမအသင်း အဖွဲ့ဝင်များက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ အအေးခန်းသိုလှောင်ရုံတွင် သွားရောက်ဝယ်ယူခဲ့ကာ အာလူးမျိုးသည် နယ်သာလန်နိုင်ငံမှ ထုတ်လုပ်သည့် မာကီးစ်(Markies) အာလူးမျိုးဖြစ်ကြောင်း သိရသည်။


ဟိုပန်မြို့နယ်တွင် နယ်သာလန် အာလူးမျိုး မာကီးစ်(Markies)ကို မော်ဟွေ့ကျေးရွာရှိ တောင်သူ ဦးစိုင်းအောင်နှင့် တောင်သူနှစ်ဦး ပိုင်ဆိုင်သည့် ကိုင်းကျွန်းမြေ နှစ်ဧကခွဲတွင် အာလူးမျိုးနှစ်တန်အား စတင်စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် အာလူးမျိုးတစ်ပိဿာစိုက်ပျိုးလျှင် ငါးပိဿာမှ ဆယ်ပိဿာအထိ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)