ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် Mask Campaign လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် Mask Campaign လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်





MNP ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါ ကူးစက်မှုမရှိစေရေးနှင့်ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်ကြောင်းကြီး ၅ ကြောင်းမှ လူမှုရေးအဖွဲ့ခေါင်းဆောင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့၊ နံနက် ၇ နာရီခွဲက မြို့မဈေးကြီးလမ်းဆုံနှင့်လမ်းမတစ်လျှောက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရေး Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ကြောင်းကြီး(၅)ကြောင်းမှ လူမှုရေးစစ်ကြောင်းအဖွဲ့ ခေါင်းဆောင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်ကြရန် တိုက်တွန်းခဲ့ကြပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနိုင်ရေး သတ်မှတ်  စည်းကမ်းချက်များကို တိကျစွာလိုက်နာကြရန်၊ ပြည်သူများ  နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အကြိမ်ပြည့် မပျက်မကွက် ထိုးနှံပေးကြပါရန်  အသိပေးနိုးဆော်တိုက်တွန်းခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)