ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်





MNP ၊ အောက်တိုဘာ  ၁၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းပြီး ရမ်းဗြဲမြို့၊အမှတ်(၃)ရပ်ကွက်ရှိပုတင်းစုဈေး၊ ရမ်းဗြဲ-ပိန္နဲတောင်လမ်းဆုံနှင့်လူသွားလူလာများသောနေရာများသို့သွားရောက်ပြီး Mask Campaignပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်များမှ ပုတင်းစုဈေးအတွင်းဝင်ရောက်ပြီး ဈေးရောင်းဈေးဝယ်ပြုနေသူများကို ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ပြီးမှ ဈေးရောင်းဈေးဝယ်ပြုကြရန်မှာကြားပေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများ၊  အငှားယာဉ်မောင်းနှင်သူများ၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ  ရမ်းဗြဲမြို့နယ်မှရန်ကုန် - တောင်ကုတ် မြို့များသို့သွားရောက်ကြမည့် ခရီးသွားပြည်သူများတို့အား Mask ကိုစနစ်တကျ တပ်ဆင်သွားလာကြရန်မှာကြားပေးခြင်းများနှင့် လမ်းသွားလမ်းလာမိဘပြည်သူများတို့အား အပြင်မှပြန်ရောက်သည့်အခါတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာ  စနစ်တကျဆေးကြောရန်၊ လူစုလူဝေးနေရာများသို့မသွားရောက်ဘဲ လူစုလူဝေးမပြုလုပ်ကြရန်စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးကိုလည်း အကြိမ်ရေ ပြည့်မီအောင်ထိုးနှံကြရန်တို့ကို အသိပညာပေး မှာကြားပေးခဲ့ကြသည်။


ထို့နောက် ပူးပေါင်းအဖွဲ့တို့သည်ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask အခု ၁၀၀၀ ကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)