ပုဏ္ဏားကျွန်းမြို့၌ ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပုဏ္ဏားကျွန်းမြို့၌ ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်

026

027

028


MNP ၊ အောက်တိုဘာ ၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ လမ်းညွှန်မှုဖြင့် စစ်ကြောင်းကြီး ၅ ကြောင်းမှ လူမှုရေးအဖွဲ့ခေါင်းဆောင်များဦးဆောင်သည့် ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့၊ နံနက်(၇)နာရီခွဲက ပုဏ္ဏားကျွန်းမြို့အဝင်လမ်း၊ လူစည်ကားသည့်နေရာများနှင့်မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူတို့  ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင် စေရေးအတွက် Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး(၅)ကြောင်းမှ လူမှုရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး Dr အောင်စစ်ထွန်းနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့်အခြားဌာနဆိုင်ရာဝန်ထမ်းအင်အား ၅၀ ဦးခန့်တို့က ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ လူစည်ကားသည့်နေရာများ၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့်ဈေးလမ်းတစ်လျှောက်  လမ်းသွား လမ်းလာပြည်သူတို့ကို  နှာခေါင်း

စည်း(Mask)များစနစ်တကျတပ်ဆင်နိုင်ရေးအတွက်  Mask အခုရေ(၆၀၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အကြိမ်ပြည့် မပျက်မကွက် ထိုးနှံပေးကြပါရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို သိရှိလိုက်နာကြရန် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages