မာန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးMask Campaign ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးMask Campaign ဆောင်ရွက်





MNP ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက်၈နာရီက မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ နေရာများနှင့် သင်္ဘောဆိပ်ကမ်းအနီး ခရီးသွားပြည်သူများအား Mask  Campaign ပြုလုပ်ခဲ့ကြသည်။


အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ဌာနဆိုင်ရာ များနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နေအိမ်ပြင်ပသို့ သွားလာကြသည့် ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ပေးသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ  ကျန်းမာရေးအသိဖြင့် စည်းကမ်းရှိစွာ နေထိုင်သွားလာစေရေး အသိပညာပေးကာ  ပြည်သူများ လက်ဝယ်သို့  ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ၁၀၀၀ ခုကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)