ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံ၍ ကျန်းမာရေးစစ်ကြောင်းမှ Mask များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံ၍ ကျန်းမာရေးစစ်ကြောင်းမှ Mask များဖြန့်ဝေ




MNP - အောက်တိုဘာ  ၁၉                                                                                       


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့နံနက် ၉ နာရီမှ ၁၃:၀၀ နာရီထိ ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးစောပိုင်၊ အဖွဲ့ဝင်(၂)ဦးမြင့်အေး၊ အတွင်းရေးမှူးယာယီရဲမှူးမင်းခိုင်တို့မှကြီးကြပ်၍ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာရွှေပြည်ပါ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးနှင့် ကျန်းမာရေးစစ်ကြောင်းအဖွဲ့ဝင်များက ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဦးဝိစာရရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပထမအကြိမ်အဖြစ်ကျား(၁၃)ဦး၊ မ(၁၆)ဦး ပေါင်း(၂၉)ဦးတို့အား (Sinopharm) အမျိုးအစားကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၅.၈)လုံးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ကျား(၂၈)ဦး၊ မ(၃၇)ဦး၊ ပေါင်း(၆၅)ဦးတို့အား (Sinopharm) အမျိုးအစားကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၁၃)လုံးအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးအဖြစ်  ကျား(၇၀)ဦး၊ မ(၈၅)ဦး ပေါင်း(၁၅၅)ဦးတို့အား (Myancopharm)အမျိုးအစား ကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၃၁)လုံးအားလည်းကောင်း စုစုပေါင်း(ကျား ၁၁၁ + မ ၁၃၈ = ၂၄၉ ဦး)တို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ကျန်းမာရေးစစ်ကြောင်းအဖွဲ့ဝင်များက Mask များဝေငှပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံမှုအား ဒဂုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်လှဝင်းပါ(၄)ဦးတို့မှ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်း - ကြည်ဇေသော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)