အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၀၀)စုမှ အိမ်ထောင်စုဝင်များအား စားကုန်များနှင့် Mask များထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၀၀)စုမှ အိမ်ထောင်စုဝင်များအား စားကုန်များနှင့် Mask များထောက်ပံ့ပေးအပ်




MNP - အောက်တိုဘာ   ၃၀


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၀၀)စုမှ အိမ်ထောင်စုဝင်များအား စားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက စမ်းချောင်းရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံစားသောက်ကုန်များပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀၀)စုမှ အိမ်ထောင်စုဝင်များအား စားကုန်များဖြစ်သည့် ဆန်(၁၀၀၀)ပြည်၊ ဆီ(၃၀၀)ပိဿာ၊ ဆား(၅၀၀)ပိဿာ၊ ကုလားပဲ(၃၀၀၀)ပိဿာနှင့် Mask(၁၀၀၀၀)ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍ အ-ထ-က(၁)ကျောင်းအုပ်ဆရာမကြီးထံသို့ ကွန်ပျူတာလက်တော့(၄)လုံးနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)