သံတွဲမြို့၌MSME လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများအားရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌MSME လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများအားရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP ၊ အောက်တိုဘာ  ၁၁

ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊သံတွဲမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်  စိုက်ပျိုးရေး၊မွေးမြူရေး၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ဒေသခံပြည်သူများအား ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အတွက်ဌာနဆိုင်ရာများအကြိုလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၁ နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမျိုးချစ်ကအဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊မွေးမြူရေး၊စက်မှုကြီးကြပ်၊အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများအနေဖြင့်သံတွဲနှင့် ဂွမြို့နယ် အတွင်းရှိ အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပြင်ဆင်ဆောင်ရွက်ထားရှိရန် နှင့် အဆိုပါ ဌာနများအနေဖြင့်အခမ်းအနားပြင်ဆင်ရေးကော်မတီနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးပြောကြားခဲ့ပါသည်။ 

ထို့နောက်တက်ရောက်လာကြသောခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက လုပ်ငန်း ဆောင်ရွက်ထားရှိမှုများအားဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဌ က  လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

                                                                                                                  

စန္ဒာကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)