ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ မြောင်းမြမြို့ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်း (MSME) လုပ်ငန်းများနှင့် ဒေသသုတေသနဗဟိုခြံသို့ သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ မြောင်းမြမြို့ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်း (MSME) လုပ်ငန်းများနှင့် ဒေသသုတေသနဗဟိုခြံသို့ သွားရောက်ကြည့်ရှုအားပေး



MNP - အောက်တိုဘာ   ၁၇


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြမြို့ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်း (MSME) လုပ်ငန်းများနှင့် ဒေသသုတေသန ဗဟိုခြံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မြောင်းမြမြို့ စက်မှုဇုန်ရှိ ခိုင်ဖြိုးကျော်ဆန်စက်၊ စပါးခွံလောင်စာတောင့်စက်ရုံသို့သွားရောက်ပြီး စက်ရုံတွင် ခင်းကျင်းပြသထားသည့် မြောင်းမြဒေသထွက်ကုန်များကို ကြည့်ရှုအားပေးပြီးနောက် ဆန်စက်လည်ပတ်နေမှုနှင့် စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှုကို ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပါသည်။ ထို့နောက် ဂုန်နီစက်ရုံလမ်းရှိ Mapco ကုမ္ပဏီ၏ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်ကြည့်ရှု အားပေးပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးစီးပွာရေးဝန်ကြီး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သော အဖွဲ့တို့သည် ဒေသသုတေသနဗဟိုခြံသို့ သွားရောက်ခဲ့ရာ သုတေသနတာဝန်ခံ ဒေါ်ဖြူပြာလွင်က ဒေသမျိုးစပါး သုတေသနပြုလုပ်နေမှု အခြေအနေများနှင့် ပေါ်ဆန်းမွှေး စိုက်ပျိုးသုတေသန ပြုလုပ်နေမှုများကို ရှင်းလင်းတင်ပြပြီး သုတေသန စပါးစိုက်ကွင်းများနှင့် မျိုးစပါးထုတ်လုပ် စမ်းသပ်နေမှုများကို ပြသခဲ့ရာ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)