တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်




MNP ၊ အောက်တိုဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး MSMEs Agency နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက MSMEs အသေးစားနှင့် အလတ်စားဝန်ဆောင်မှုအနေဖြင့် ဒေသအတွင်းအသက်မွေးဝမ်းကြောင်းနှင့်ပတ်သက်ပြီး ဘဝရပ်တည်ရေးအတွက် လုပ်ဆောင်နေမူများရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အသေးစား အလတ်စားလုပ်ငန်းများစွာ ရှိလာသည်နှင့်အမျှ ဒေသ၏ဖွံဖြိုးတိုးတက်မှု၊ ဒေသမှာရှိသော ပြည်သူများ၏စားဝတ်နေရေး အဆင်ပြေမှုများရှိလာကြောင်း၊ တိုင်းဒေသကြီးအတွင်း အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အားနည်းလျက်ရှိသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသကြီးအတွက် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ကိုင်ကြိုးစားဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ပြန်လည်လုပ်ကိုင်လာမည်ဟုယုံကြည်ကြောင်း၊ တိုင်းဒေသကြီးအတွင်း MSMEs များစွာရှိပါက အလုပ်အကိုင်အခွင့်အလမ်းများ၊ စားဝတ်နေရေးများ အဆင်ပြေလာမှာဖြစ်ကြောင်း၊ ထားဝယ်ဒေသအနေဖြင့် စက်မှုလက်မှုလုပ်ငန်းနှင့်ပတ်သက်ပြီးအားနည်းလျက်ရှိသည်ကိုတွေ့ရပြီး အားနည်းချက်များတွင် လျှပ်စစ်ဓာတ်အားခဈေးနှုန်းကြီးမြင့်မှုမှာ အဓိကဖြစ်သည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထားဝယ်ဒေသအတွက် ဖောင်းတောရေအားလျှပ်စစ်အားဆောင်ရွက်လျက်ရှိပြီး ရေအားလျှပ်စစ်မှ ဓာတ်အားအနည်းဆုံး ၂၅ မဂ္ဂါဝပ် ထွက်ရှိအောင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်မှာဖြစ် ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ကြိုးစားလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် ပွင့်လင်းရာသီကာလရောက်ရှိပါက ယခင်ကခရီးသွားဧည်သည်များ ဝင်ရောက်လာမှုများပြားလျက်ရှိပြီး ယခုအခါတွင် အကြောင်းအမျိးမျိုးကြောင့် ခရီးသွားလာမှုနည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းများအောင်မြင်အောင် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် MSMEs Agency ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးမှူး ဦးညွန့်နွယ်က တိုင်းဒေသကြီးစက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းထားမှုအခြေအနေ၊ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ခဲ့မှုများအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြသည်။


ဆက်လက်၍ တက်ရောက်လာသော MSMEs လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များက ဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံနေရသောအခက်အခဲများအား ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)